Episode #30: ခွဲခြားခံရမှု၊ နိုမ့်ချမှုများနှင့် ရှေးရိုးစွဲကို လွန်၍ cover art

Episode #30: ခွဲခြားခံရမှု၊ နိုမ့်ချမှုများနှင့် ရှေးရိုးစွဲကို လွန်၍

Episode #30: ခွဲခြားခံရမှု၊ နိုမ့်ချမှုများနှင့် ရှေးရိုးစွဲကို လွန်၍

Listen for free

View show details

About this listen

ကိုဗစ်တာ၊ LGBT ဆရာ၀န်တ‌စ်ယောက်၊ နွေဦးတော်လှန်ရေးကို ဘ၀နဲ့ရင်း ခေါင်းတိုး၀င်ခဲ့သူ။ နိုင်ရာ၀န်ထမ်းရုံသာမက မနိုင်၀န်ကိုပါ တော်လှန်ရေးအတွက် ထမ်းပေးသူ။ မိဘပတ်၀န်းကျင်ရဲ့ ဖိနိုပ်ရှုတ်ချမှုတွေကြားက ဘ၀ရပ်တည်ချက်ကို ရဲရဲရင့်ရင့် ဖွင့်ဟ၍ ရှေ့ဆက်ရဲသူ။ တော်လှန်ရေးဆိုသည်မှာ ကိုဗစ်တာနဲ့ မစိမ်း။ ငယ်ငယ်ကတည်းက တော်လှန်ခြင်းနှင့် ရင်းနီးခဲ့ရပြီး ရပ်တည်ချက်ခိုင်မာသူ။ ထိုသို့သော ဆရာ၀န်တစ်ယောက်၏ တော်လှန်ရေးခရီးကြမ်းကား မချော။

ဆေးရုံက လှည့်မကြည့်၊ Blacklist အသွင်းခံရသော်လည်း သူမမှု။ ရသမျှအားနှင့် ရှေ့ဆက်သည်။ သူ့ပါတနာနှင့်အတူ ကယား(ကရင်နီ) ဖက်ကို တော်လှန်ရေး ခရီးရှည် ဆက်ခဲ့ရသည်။ သူ၏ တောတွင်းအတွေ့အကြုံများကား အိမ်မက်ဆန်ဆန်ပင်။ ငယ်ငယ်က လက်ပြဖူးသော လေယာဉ်သံကြားလျှင် ပြားနေအောင်၀ပ်ရာမှနောက်ပိုင်း ထမင်းစားပင်မပြတ်တော့။ ရေမရ၍ အရေပြားရောဂါပေါင်းစုံကို ဂရုစိုက်ပေးရသည်။ COVID အတွက်လည်း ရှိတာသုံး၍ အဆင်ပြေအောင် ကျော်လွှားခဲ့ရပုံတွေ၊ ဗိုက်ပွင့်လူနာကို အသက်ကယ်ခဲ့ရပုံတွေကို ဘယ်တော့မှ မေ့တော့မည်မဟုတ်ဟု သူဆိုသည်။


ကိုဗစ်တာရဲ့ စိတ်လှုပ်ရှားစရာ အားတက်စရာ အံအားသင့်စရာ များစွာကို ယခု podcast တွင် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

No reviews yet