Episode #35: စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ cover art

Episode #35: စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ

Episode #35: စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ

Listen for free

View show details

မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။

သူမသတိမထားမိခဲ့သည်ကား

မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို အမိန့်ပေးမည့် မိုးကျရွှေကိုယ် တဖြစ်လဲ စစ်အရာရှိဟောင်း

အထက်လူကြီးများကိုပင် ဖြစ်သည်။ ကဏ္ဍပေါင်းစုံကို အုပ်ချုပ်နိုင်သည်ဟူသော ကလေးအတွေးဖြင့် နေရာယူခဲ့ကြသည့် စစ်တန်းလျားပြန်များကြောင့် ကဏ္ဍပေါင်းစုံများစွာ ဆုတ်ယုတ်ခဲ့ရသည်။

နိုင်ငံအ‌တော်များများကို စိုက်ပျိုးရေးကဏ္ဍဖြင့် လေ့လာဆည်းပူးခဲ့သော သူမသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အခွင့်အလမ်းများစွာကို ဖန်တီးချင်ခဲ့သည်။ သို့သော် သူမအတွက် အခက်အခဲများစွာက ဆီးကြိုနေခဲ့သည်။

စပါးဈေးကွက်၊ တောင်သူကြီးများ၏ အခက်အခဲ၊ လုပ်စားခံရသော နိုင်ငံပိုင် မျိုးစေ့မြေနေရာများ၊ သုံးစားမရသော ဆည်မြောင်းတာတမံစနစ်များနှင့်

အနာဂါတ်စီမံချက်များကို သူမ ပြည့်ပြည့်စုံစုံရှင်းပြရင်း CDM လုပ်ရခြင်းရည်ရွယ်ချက်များကို မျှဝေခဲ့သည်။

ဆုံးရှုံးမှုကြီးသော သူမ၏ တော်လှန်ရေးခရီးရှည်နှင့် မိခင်တဦး၏ သောက၊ အတ္တနှင့် ဓမ္မ လွန်ဆွဲပွဲ စသည်တို့ကို စုံစုံလင်လင် ဖော်ပြထားသော

ဆရာမမီးမီး၏ "စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ"

Podcast ကို နားဆင်နိုင်ပြီဖြစ်ပါသည်။

adbl_web_anon_alc_button_suppression_t1
No reviews yet